Thursday, August 29, 2013

အိမ်မြှောင်စုတ်ထိုးအတိတ်နမိတ်

အိမ်မြှောင်စုတ်ထိုးသောအခါ
(၁) အရှေ့ - ရွှေငွေလာဘ်ဘာဘများ ရတတ်သည် ၊ သူဆင်းရဲပင်ဖြစ်လင့်ကစား ထင်ပေါ်လိမ့်မည် ၊ မင်းပူဇော် ချီးမြှောက်ခြင်းခံရလိမ့်မည် ။
(၂) အရှေ့တောင် - ကျွန်/နွား/ရွှေငွေ ပျက်စီးဆုံးရှုံးလိမ့်မည် ။
(၃) တောင် - စုတ်ဝင်လိမ့်မည်
(၄) အနောက်တောင် - နွား/ဒါသ ပျောက်ဆုံးလိမ့်မည်
(၅) အနောက် - ရတနာ ရွှေငွေ အခြွေအရံ ကျေးကျွန် လာဘ်မျိုးစုံရလိမ့်မည်
(၆) အနောက်မြောက် - ဓန နှင့် စုတ်လာဘ် ရလိမ့်မည်
(၇) မြောက် - ရာဇအပူဇော်ခံရလိမ့်မည် ၊ ရွှေငွေလာဘ်လာပကများ ရလိမ့်မည်
(၈) ဦးခေါင်းအထက် - အေးချမ်းသာယာသည့်သုခကိုခံစားရလိမ့်မည် ၊ ၀င်ငွေလာဘ်လာပကများတိုးပွားလိမ့်မည်

အိမ်မြှောင်ကျနိမိတ်

အိမ်မြှောင်သည် ထက်ခေါင်ပေါ်မှ ကျလျှင်
တနင်္ဂနွေနေ့ 
(၁) နံနက်     - ခိုက်ရန်ပွား၍ တရားတပေါင် ရင်ဆိုင်ရလိမ့်မည်
(၂) မွန်းတည့် - သောကများ၍ စိတ်ငြိုငြင်လိမ့်မည်
(၃) နေလွဲ     - ဥစ္စာဓန ရလိမ့်မည်
(၄) နေ၀င်    - ရောဂါဘယ နှိပ်စက်လိမ့်မည်
တနင်္လာနေ့
(၁) နံနက် - ရွှေငွေရလိမ့်မည်
(၂) ရှစ်နာရီခန့် - ချစ်သူတွေ့လိမ့်မည်
(၃) မွန်းတည့် - ရောဂါရလိမ့်မည်
အင်္ဂါနေ့ 
(၁) နံနက် - ချစ်သူ၌ ဥစ္စာရွှေငွေရလိမ့်မည်
(၂) မွန်းတည့် - စိတ်ချမ်းသာမှုရလိမ့်မည်
(၃) နေ၀င် နေထွက် - ချမ်းသာသုခဖြင့် မွေ့လျော်ရလိမ့်မည်
ဗုဒ္ဓဟူးနေ့
(၁) နံနက် - အစားကောင်းများစားရလိမ့်မည်
(၂) ဆယ့်နှစ်နာရီ - ကြံစည်ထားသမျှ စီးပွားရေးလုပ်ငန်းများ အောင်မြင်လိမ့်မည်
(၃) မွန်လွှဲ - ရပ်ဝေး ရပ်နီးမှ သတင်းကောင်းကြားရမည်/တန်ဖိုးကြီးဥစ္စာပစ္စည်းပျောက်လိမ့်မည်
(၄) နေ၀င် - လာဘ်လာဘများ ပူဇော်ခြင်းခံရလိမ့်မည်
ကြာသာပတေးနေ့
(၁) နံနက် - အမှုကိစ္စများကြောင့် သောကဖြစ်ရလိမ့်မည်
(၂) နေလွှဲ - ရတနာရွှေငွေများရလိမ့်မည်
သောကြာနေ့
(၁) နံနက် - ဆောင်ရွက်သည့်ကိစ္စများ အောင်မြင်လိမ့်မည်
(၂) မွန်းတည့် - ချစ်သူရလိမ့်မည်
(၃) မွန်းလွှဲ - တပါးသူမှ ရတနာရွှေငွေများပေးလိမ့်မည်
စနေနေ့
(၁) နံနက် - ဖျားနာရောဂါဖြစ်လိမ့်မည် 
(၂) မွန်းတည့်/ ဆယ့်နှစ်နာရီ - တပါးသူတို့ မကောင်းကြံလိမ့်မည်
(၃) မွန်းလွှဲ - ထူးခြားသူတစ်ဦးနှင့် ခိုက်ရန်တွေ့ရလိမ့်မည်
(၄) နေ၀င် - မိဘများ ဘေးတွေ့ရလိမ့်မည်