(၁) ဦခေါင်း - ဓန စည်းစိမ် တိုးပွားလိမ့်မည်
(၂) လက်ျာမျက်ခုံး - ငွေကြေးဥစ္စာဓနငွေကြေးရလိမ့်မည်
(၃) လက်ဝဲမျက်ခုံး - ချစ်သူ / အဆွေခင်ပွန်းနှင့် တွေ့ရလိမ့်မည်
(၄) မျက်စိ(အထက်မျက်ခမ်းသား) - ကြံစည်သမျှရလိမ့်မည်
(၅) အောက်မျက်ခမ်းသား - သောကမျက်ရည်ကျလိမ့်မည်
(၆) နှာခေါင်း - လူချစ်လူခင်ပေါ်လိမ့်မည်
(၇) လက်ျာနှတ်ခမ်း - ချစ်ခင်သူနှင့်အတူတကွ ပြောဆိုရမည်
(၈) လက်ဝဲနှတ်ခမ်း - မနာလိုသူရှိလိမ့်မည်
(၉) မေးဖျား - အချင်းများလိမ့်မည်
(၁၀) လက်ျာနား - မိန်းမယုတ်က မကောင်းကြံလိမ့်မည်
(၁၁) လည်ချောင် - ရွှေငွေလာဘ်လာဘ ရလိမ့်မည်
(၁၂) လက်ျာပခုံ - အသုံးအဆောင် ပေါများလိမ့်မည်
(၁၃) လက်ဝဲပခုံး - အစားအစာ ပေါများလိမ့်မည်
(၁၄) နှလုံး/ရင်သား/ချက်တိုင် - အ၀တ်တန်ဆာ ရလိမ့်မည်
(၁၅) လက်ျာလက်ပြင် - ထင်ရှားကျော်စောလိမ့်မည်
(၁၆) လက်ဝဲလက်ပြင် - တပါးသူနှင့် အယူကွဲ၍ အခင်းများလိမ့်မည်
(၁၇) ကျောသား - အ၀တ်တန်ဆာများ ရလိမ့်မည်
(၁၈) လက်ျာလက်မောင်း - လာဘ်ကြီးရလိမ့်မည်
(၁၉) လက်ဝဲလက်မောင်း - မစားဖူးသည့် အရသာထူးထူးကဲကဲစားရလိမ့်မည်
(၂၀) လက်ျာလက်ဖ၀ါး -
အကြံကောင်းများ အောင်မြင်အထမြောက်လိမ့်မည်/အကြံကောင်းညဏ်ကောင်းများရလိမ့်မည်
(၂၁) လက်ဝဲလက်ဖ၀ါး - စကားကောင်းပြောရလိမ့်မည်/ချောမောလှပသည့် ချစ်သူရလိမ့်မည်
(၂၂) ကာယ - ချစ်သူမယား/ဥစ္စာကျွဲနွား/ပျက်စီးလိမ့်မည်
(၂၃) လက်ျာတင်ပါး - ယောက်ျားချင်း ဥပဒ်မြင်လိမ့်မည်
(၂၄) လက်ဝဲတင်ပါး - ရန်သူကို အနိုင်ရလိမ့်မည်
(၂၅) ပေါင် - ချစ်သူနှင့် တွေ့ရလိမ့်မည်
(၂၆) လက်မဆစ် - သူခိုး ခိုးခံရလိမ့်မည်
(၂၇) လက်ျာမျက်တောင် - အခြွေအရံကျေးကျွန် ရလိမ့်မည်
(၂၈) လက်ျာနံပါး/၀မ်းပြင်သား - အစားအစများရလိမ့်မည်
(၂၉) လက်ဝဲနံပါး/၀မ်းပြင်သား - လာဘ်ကြီး ရလိမ့်မည်
(၃၀) လက်ျာရင်သား - ဖြူစင်သော ငွေကြေးများ ရလိမ့်မည်
(၃၁) လက်ဝဲရင်သား - စိတ်ပူရလိမ့်မည်
(၃၂) လက်ျာသားမြတ် - ကြည်ဖြူတတ်သော မိတ်ဆွေ ရလိမ့်မည်
(၃၃) လက်ဝဲသားမြတ် - စာရင်းဇယား နိုင်သော ကျေးကျွန်ကို ရလိမ့်မည်
(၃၄) လက်ကတည်း - ကြီးကျယ်သောချမ်းသာခြင်း ၊ ကြွယ်ဝသောစည်းစိမ် တို့ကိုရလိမ့်မည်